Monday, August 6, 2012

uTorrent ကနေဘယ်လိုဒေါင်းလော့လုပ်မလဲ


ဒါကို ဖတ်ပြီးမှ အခုဟာကိုဆက်ဖတ်ပါ။
နားမလည်တာရှိရင် မေးမြန်နိုင်ပါတယ်ခင်ဗျာ။

အားလုံးပဲမင်္ဂလာပါခင်ဗျာ။ အခု uTorrent ကနေဘယ်လိုဒေါင်းလော့လုပ်မလဲဆိုတာကို ကိုဖော်ပြမှာဖြစ်ပါတယ်။ ကျွန်တော်လည်းအခုမှစဉ်းစားမိတယ် ... PDF ဖိုင်တဲ့တင်ရင် ဘလော့မိတ်ဆွေတို့ဒေါင်းလော့ လုပ်ရဦးမှာဆိုတော့ လိုင်းမကောင်းတဲ့သူဆိုရင် ဘယ်ဒေါင်းလော့လုပ်ချင်မလဲ။ အဲဒါကြောင့်အားလုံးအဆင်ပြေအောင်ဘလော့မှာတင်တာပဲ တင်လိုက်ပါတယ်။ အားလုံးနားလည်သဘောပေါက်အောင် ကျွန်တော်လည်းတတ်နိုင်သလောက် စဉ်းစားပြီးရေးပေး ထားပါတယ်။ Read More နှိပ်ပြီးဆက်ဖတ်လိုက်ပါ . . . .

ပထမဆုံး uTorrent ကိုအဒေါင်းလော့လုပ်ထားပါ။ပြီးရင် အင်စတောပါလုပ်လိုက်ပါ။ အင်စတောလုပ်တာတော့ထည့်မရေးတော့ပါဘူး။ မလုပ်တတ်ရင် Cbox မှာရေးထားခဲ့ပါ။ 
ဒေါင်းလော့လုပ်နည်းကိုပုံနဲ့ပြမှာဖြစ်တဲ့အတွက် ပုံသေးနေလို့ သိပ်မရှင်းရင်ကလစ်ပေးပြီးအကြီး ချဲ့လို့ရပါတယ်။

စကြရအောင် .....

အောက်မှာပြထားသလို Google မှာ tpb လို့ရိုက်ထည့်ပြီး ..... Enter ခေါက်ပါ။ 
ထို့နောက်အနီကွင်းထားတဲ့ လင့်ကို ကလစ်ပါ။


အောက်ပါပုံအတိုင်းမြင်တွေ့ရပါတယ်။ Search Torrents ဆိုတဲ့နေရာမှာ မိမိလိုအပ်ရာကိုရိုက်ရှာနိုင် ပါတယ်။ကျွန်တော်ကတော့ Internet Download Manager နဲ့ လုပ်ပြသွားမှာဖြစ်ပါတယ်။ ဒါကြောင့်
Search Torrents  နေရာထဲမှာ Internet Download Manager လို့ရိုက်ပြီး
Pirate Search ကိုနှိပ် (သို့မဟုတ်) Enter ခေါက်။


အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်။ ပုံသေးနေရင် ကလစ်ပြီးအကြီးချဲ့ပါ။ 
သိသင့်တဲ့ စာသားတွေရေးထားလို့ပါ။



အပေါ်ကပုံကိုကြည့်ပြီးသွားရင် .... အောက်ကပုံကိုဆက်ကြည့်ပါ။



အပေါ်မှာပြထားတဲ့ လင့်ကိုနှိပ်လိုက်ပြီဆိုရင် အောက်ပါပုံအတိုင်းပေါ်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။
ပုံထဲမှာစာနဲ့ရှင်းပြထားပါသဖြင့် မမြင်ရလျှင် ကလစ်နှိပ်ပြီးအကြီးချဲ့ပါ။



အပေါ်မှာပြထားသလို GET THIS TORRENT ကိုနှိပ်လိုက်ရင် .... အောက်ပါပုံအတိုင်းပေါ်လာပြီး .... OK ပေးလိုက်ပါ။



OK ကိုနှိပ်လိုက်ရင် .... uTorrent က auto ပွင့်လာပြီးအောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ ဒါဆို ဒေါင်းလော့လုပ်မယ့်အဆင့်ရောက်ရှိပြီဖြစ်ပါတယ်။ OK ပဲကလစ်ပါ။



ဒါဆိုရင်တော့ ဒေါင်းလော့လုပ်နေပါလိမ့်မယ်။သူက စစချင်းဒေါင်းလော့လုပ်ရင် လိုင်းကနည်းနည်းလေးပဲ
တတ်ပါတယ်။ ခဏလေးကြာမှာ ကော်နရှင်ပေါ်မူတည်ပြီး .... ဒေါင်းလော့ Speed ကတဖြည်းဖြည်း တတ်မှာဖြစ်ပါတယ်။



ဒါကတော့ နောက်ဆုံးအဆင့် .... ဒေါင်းလော့လုပ်ပြီးသွားရင်တော့ Open Containing Folder ကိုနှိပ်လိုက်ပါ။ ဒေါင်းလော့လုပ်ပြီးသွားတဲ့ ဖိုင်ထဲရောက်ရှိသွားပါပြီ။ Internet Download Manager ကို
ဒေါင်းလော့လုပ်တယ်ဆိုတော့ Internet Download Manager ဖိုင်ထဲကိုရောက်ရှိသွားမှာဖြစ်ပါတယ်။



ဒါလေးပါပဲ .... လွယ်ပါတယ်နော် ..... မရှင်းရင် santhitwai89@gmail.com ကိုအပ်ပြီးမေးနိုင်ပါတယ်။
ဒါမှမဟုတ် Cbox မှာရေးထားခဲ့နိုင်ပါတယ်။
နောက်တစ်ခါ ကျွန်တော်ဆော့ဝဲလ်တွေတင်ရင် uTorrent လင့်ကနေတင်ပေးသွားမှာဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

1 comment:

  1. ညီရေ မင်းဆိုလိုချင်တာတွေက အဓိပါယ်လေးတွေ နည်းနည်းလွဲနေတယ်ကွ
    µtorrent ဆိုဒ်ဆိုတာ မဟုတ်ဘူးကွညီလေးရ Torrent ဆိုဒ်တွေပဲရှိတာ
    Torrent ဆိုဒ်တွေက အများကြီး ဒါပေမယ့် .torrent နဲ့ဆုံးတဲ့ဖိုင်တိုင်းကို Download ဖို့အတွက် Torrent downloader လိုတယ် ဒါပေမယ့် Torrent downloader တွေထဲမှာ အခုလက်ရှိ µtorrent က နာမည်ကြီးပေါ့ကွာ အဲဒါကိုပြောတာညီလေးရ

    ReplyDelete

IT-WARE Facebook FP

Facebook Like Box တွင် Like လုပ်ခြင်းဖြင့် Facebook တွင် ပိုစ့်အသစ်များကို up to date ကြည့်ရှုနိုင်ပါမည်။

လစဉ်အလိုက်

လာလည်ကြသူများ

နိုင်ငံအလိုက်လာလည်ကြသူများ

free counters free counters

ITW Android.apk

ITW ANDROID 2 ပုံကိုကလစ်လိုက်ပါ။ auto ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။

ဒေါင်းလော့လုပ်နည်းများ

Photobucket Photobucket Photobucket Photobucket Photobucket Adf.ly ပုံကိုကလစ်ပြီး ဘယ်လိုဒေါင်းလော့ လုပ်မယ်ဆိုတာကြည့်နိုင်ပါတယ်။