Saturday, August 4, 2012

Firefox မှာ ပုံမပေါ်တဲ့ကိစ္စဘယ်လိုဖြေရှင်းမလဲ


အကိုတစ်ယောက်က ကျွန်တော့်ကိုမေးထားတာကြာပါပြီ။ ကျွန်တော်လည်း အဲဒိကိစ္စကိုမဖြေရှင်းတတ်ဘူး
ဖြစ်နေတယ်။ ဒီမနက်တင်ပဲ ကျွန်တော့် Firefox မှာပုံတွေမပေါ်တော့ဘူး ..... ကျွန်တော့်ဘလော့ထဲကို
ဝင်ကြည့်တော့လည်း တချို့ပုံတွေကတော့ပေါ်တယ် ... တချို့ပုံတွေကမပေါ်ဘူး။ အဲဒါနဲ့ကျွန်တော်
Firefox ကို uninstall လုပ်ပြီး ပြန် အင်စတောလုပ်တယ်.... မရဘူး။ မရဘူးဆိုတော့ကျွန်တော်လည်း
ခေါင်းနည်းနည်းစားသွားတယ်။ ခဏနေကျတော့ အကြံတစ်ခုပေါ်လာတယ်။ ကျွန်တော်သုံးနေကျ
Your uninstaller နဲ့ uninstall လုပ်လိုက်ရင်ရလောက်မယ်ဆိုပြီးတော့ uninstall လုပ်ချလိုက်ပါတယ်။
အဲဒါမှအဆင်ပြေသွားတော့တယ်။ဘလော့မိတ်ဆွေများလည်းအဲဒိလိုဖြစ်ခဲ့လို့မလုပ်တတ်ရင်
အောက်မှာဖော်ပြထားတဲ့နည်းအတိုင်းလုပ်လိုက်ပါ။ အဆင်မပြေရင် Comment / Cbox ထဲမှာရေးထားခဲ့ပါ . . . .

စကြရအောင် ..... 

(၁) Your uninstaller ကိုမိမိကွန်ပျူတာမှာမရှိသေးဘူးဆိုရင်တော့ ဒီမှာဒေါင်းပါ ။ ပြီးရင်အင်စတောလုပ်ပါ။


(၂) Firefox ကို uninstall မလုပ်ခင် မိမိ Firefox မှာ အရေးကြီးတဲ့ Bookmark တွေရှိရင်
      Export လုပ်ထားပါ။

(၃) Firefox ကို uninstall လုပ်ရာမှာ Desktop ပေါ်မှာရှိတဲ့ Firefox ပုံလေးကို Right Click ပေးပြီး
      Uninstall with Your Uninstaller ကိုနှိပ်ပေးလိုက်ပါ။ Uninstall Mode ကို Super Mode ကို
      ပြောင်းပေးပါ။

(၄) Firefox ကို uninstall လုပ်ပါလိမ့်မယ်။ uninstall လုပ်ရာမှာအောက်မှာပြထားတဲ့ပုံရဲ့အဆင့်
      ရောက်ရင် Remove my Fireofox personal data and customizations ကိုအမှန်ခြစ်ပေးပါ။

(၅) ထို့နောက် Uninstall ကိုကလစ်ပါ။


(၆) အားလုံးပြီးဆုံးသွားပြီဆိုရင်တော့ ကွန်ပျူတာကို restart လိုက်ပါ။

(၇) Window ပြန်တက်လာရင်တော့ Firefox ကိုပြန်ပြီးအင်စတောလုပ်ခြင်းဖြင့် အရင်က Firefox မှာ
      ပုံမပေါ်တဲ့ပြသနာ ပြန်လည်အဆင်ပြေသွားမှာဖြစ်ပါတယ်ခင်ဗျာ။

Bookmark ထဲမှာမှတ်ထားတာတွေကို Import / Export ဘယ်လိုလုပ်ရလဲဆိုတာ ကျွန်တော်အချိန်ရရင်
တင်ပေးထားပါ့မယ်။

အားလုံးအဆင်ပြေကြပါစေ ....  IT-WARE

0 - ယောက် ကွန်မန့် ရေးသွားသည်။:

IT-WARE Facebook FP

Facebook Like Box တွင် Like လုပ်ခြင်းဖြင့် Facebook တွင် ပိုစ့်အသစ်များကို up to date ကြည့်ရှုနိုင်ပါမည်။

လစဉ်အလိုက်

လာလည်ကြသူများ

နိုင်ငံအလိုက်လာလည်ကြသူများ

free counters free counters

ITW Android.apk

ITW ANDROID 2 ပုံကိုကလစ်လိုက်ပါ။ auto ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။

ဒေါင်းလော့လုပ်နည်းများ

Photobucket Photobucket Photobucket Photobucket Photobucket Adf.ly ပုံကိုကလစ်ပြီး ဘယ်လိုဒေါင်းလော့ လုပ်မယ်ဆိုတာကြည့်နိုင်ပါတယ်။