Tuesday, August 7, 2012

Microsoft Office 2010 / 2013 ရှိရုံနဲ့ Cover ဒီဇိုင်းများစုံလင်စွာ ကိုယ်တိုင်ရေးစာအုပ်လုပ်ပြီး PDF ဖိုင်အဖြစ်မှတ်မယ်။

ဆော့ဝဲလ်မလို
Only Need Microsoft Office 2010 / 2013
မသိသေးတဲ့သူများအတွက်ဖော်ပြပေးလိုက်ပါတယ်။

Microsoft Office သာသုံးနေကြတာ ဘာတွေဘယ်လိုအသုံးဝင်တယ်ဆိုတာ တော်တော်များများက မသိကြသေးပါဘူး။ ကျွန်တော်က Photoshop မကျွမ်းပါဘူး။ ပြောရမယ်ဆိုရင် ကွန်ပျူတာထဲမှာတောင်
မသွင်းထားဘူး။ ကျွန်တော်ဘလော့မှာလုပ်ထားတဲ့ Header ဒီဇိုင်းတွေ အိုင်ကွန်တွေကို ကျွန်တော် Microsoft Office Powerpoint နဲ့လုပ်ထားတာတွေပါ။ အခုကျွန်တော်ဖော်ပြမှာကတော့
Microsoft Office 2010 / 2013 ရှိရုံနဲ့ Cover ဒီဇိုင်းတွေစုံစုံလင်လင်နဲ့ ကိုယ်တိုင်ရေးစာအုပ်လုပ်နိုင်မယ့် နည်းလေးပါ။ ဒါ့အပြင် PDF ဖိုင်အဖြစ်မှတ်ပြီး ဆရာကြီးဘယ်သူရဲ့ ရေးသားထားသော ___ စာအုပ်ပေါ့။ ဟဲ....  အဲဒိလိုလေးလုပ်နိုင်မယ့်နည်းလေးကိုပါဖော်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော့်ကွန်ပျူတာမှာ Microsoft office 2013 သွင်းထားတဲ့အတွက် Microsoft office 2013 နဲ့လုပ်ပြသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် 2010 နဲ့ 2013 ကတော့ တော်တော်များများ တူပါတယ်။ 2003 နဲ့ 2007 ကတော့ ကျွန်တော်မသုံးဘူးတဲ့အတွက်ရမရသေချာမသိပါဘူး။ PDF လုပ်ရာမှာ မျက်နှာဖုန်း Cover ကအစ Microsoft Office နဲ့လုပ်လို့ရပါတယ်။ကျွန်တော်လည်းအချိန်ကုန် အပင်ပန်းခံပြီး အားလုံးနားလည် သဘောပေါက်အောင် တတ်နိုင်သလောက် ရေးသားဖော်ပြပေးထားပါတယ်။
Hint : Read More



ပထမဦးဆုံး မိမိကွန်ပျူတာထဲမှာ Microsoft Office 2010 / 2013 ကိုသွင်းထားဖို့လိုပါမယ်
ဆိုတာကိုတော့ပြောစရာမလိုပေမယ့် ပြောလိုက်ပါတယ်။
Microsoft Office Word နဲ့လုပ်မှာဖြစ်ပါတယ်။

ဒါဆို .... အဖုံး Cover ဒီဇိုင်းကိုအရင်ဆုံးလုပ်ကြရအောင်။

INSERT ကိုကလစ် ... ထို့နောက် Cover Page ထပ်ကလစ်ပါ။
အောက်ပါပုံအတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်ကအစိမ်းရောင်အကွက်ထဲက
Cover ဒီဇိုင်းဥပမာပြမှာဖြစ်ပါတယ်။ အဲဒါဆို အဲဒါလေးကိုကလစ်ပါ။


အောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ အနီကွင်းလေးတွေဝိုင်းထားတဲ့နေရာ ခေါင်းစဉ် နဲ့ မိမိရေးမယ့်
အကြောင်းနဲ့ ကိုက်ညီမယ့်စာရေးပေါ့။


မြန်မာလိုမပေါ်ရင် ( လေးထောင့်အကွက်တွေဖြစ်နေရင် ) အောက်ပါပုံအတိုင်း Zawgyi-One ကို
ပြောင်းပေးလိုက်ပါ။ အလှစာလုံးတွေရေးမယ်ဆိုရင် Win Taungyi စသည့်ဖြင့်ပြောင်းရေးနိုင်ပါတယ်။


မျက်နှာဖုန်းစာဒီဇိုင်း ၊ ခေါင်းစဉ် စသည်တို့ပြီးပြီဆိုရင်တော့ မျက်နှာဖုန်းလုပ်တဲ့အဆင့်ပြီးသွားပါပြီ။
အောက်စာမျက်နှာသလို့ မောက်စ် ဘုလေးကိုဆွဲပြီးဆင်းပါ။ အနီဝိုင်းထားတဲ့နေရာလေးမှာ
မိမိလိုလားရာ စာသားတွေကိုရေးနိုင်ပါပြီ။


ဒါကတော့ပုံထည့်မယ့်အဆင့်ပါ။

ပုံထည့်တာကလည်းလွယ်ပါတယ်။ အလွယ်ကူဆုံးနည်းလေးနဲ့ပြထားပါတယ်။
အောက်က ပုံထဲမှာပြထားသလို Firefox ပုံလေးကို မောက်စ် ကလစ်ဖိပြီး ဆွဲထည့်ပေးလိုက်ရုံပါပဲ။


အောက်မှာပြထားသလို Firefox ပုံလေးရောက်ရှိသွားပြီ။
သူ့ကို မောက်စ် ကလစ်ဖိပြီး မိမိထားချင်တဲ့ နေရာကိုပြောင်းနိုင်ပါတယ်။
ချုံ့မယ် ၊ ချဲ့မယ်ဆိုရင်လည်း Firefox ပုံလေးကိုကလစ်ပေးပြီး ချုံ့နိုင် ၊ ချဲ့နိုင်ပါတယ်။


နောက်ဆုံးဆင့် ( PDF ဖိုင်သို့ပြောင်းမယ့်အဆင့် )

Cover တွေလည်းလုပ်ပြီးပြီ ၊ ပုံလေးတွေလည်းထည့်ပြီးပြီ ၊ စာတွေလည်းရေးပြီးလို့ မိမိကြိုက်နှစ်သက်ပြီ
ဆိုရင် PDF ဖိုင်သို့ပြောင်းကြရအောင်။

Ctrl+S ကိုနှိပ်ပါ။ 2010 ဆိုရင် Save မှတ်ဖို့ Window လေး တန်းပေါ်လာမှာဖြစ်ပါတယ်။
2013 နဲ့ဆိုရင် Browse ကိုဆက်နှိပ်ပေးမှ Save လုပ်ဖို့ Window လေးပေါ်လာမှာဖြစ်ပါတယ်။
အောက်ကပုံလေးလိုပေါ့။ ပုံအကြီးဆိုရင် ဘလော့စာမျက်နှာနဲ့မဆန့်တော့လို့ ပုံကိုကလစ်နှိပ်ပြီး အကြီးချဲ့ပါလို့။

 
အပေါ်ကပုံလို အနီကွင်းထားတဲ့ ဘားတန်းလေးကို ကလစ်နှိပ်ပါ။ PDF ဆိုတာလေးကိုရွေးပေးလိုက်ပါ။
ထို့နောက် Save လုပ်လိုက်ပါ။ ဒါဆို PDF ဖိုင်သို့တစ်ခါတည်းပြောင်းပြီးသားဖြစ်သွားပါပြီ။
ဒါလေးပါပဲ။ အားလုံးပဲအဆင်ပြေ ၊ ကြိုက်နှစ်သက်ရင် ကွန်မန့်လေးထားသွားခဲ့ကြပါလို့။
ဘလော့မိတ်ဆွေတို့ရဲ့ကွန်မန့်က ကျွန်တော့်ရဲ့အားဆေးတစ်ခွက်ပါပဲ !!!!

အဆင်ပြေကြပါစေ ...... IT-WARE


0 - ယောက် ကွန်မန့် ရေးသွားသည်။:

IT-WARE Facebook FP

Facebook Like Box တွင် Like လုပ်ခြင်းဖြင့် Facebook တွင် ပိုစ့်အသစ်များကို up to date ကြည့်ရှုနိုင်ပါမည်။

လစဉ်အလိုက်

လာလည်ကြသူများ

နိုင်ငံအလိုက်လာလည်ကြသူများ

free counters free counters

ITW Android.apk

ITW ANDROID 2 ပုံကိုကလစ်လိုက်ပါ။ auto ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။

ဒေါင်းလော့လုပ်နည်းများ

Photobucket Photobucket Photobucket Photobucket Photobucket Adf.ly ပုံကိုကလစ်ပြီး ဘယ်လိုဒေါင်းလော့ လုပ်မယ်ဆိုတာကြည့်နိုင်ပါတယ်။