Sunday, February 12, 2012

Mail ထဲသို့ ဖိုင်ဆိုဒ်100 MB အထိပို့နိုင်တဲ့နည်း ။


  ကျွန်တော်အခုတင်တာလေးကတော့ ဖိုင်ဆိုဒ် အကြီးတွေမှန်သမျှ Mail ထဲကိုပို့နိုင်တဲ့ဝက်ဆိုဒ်လေးပါ။
100 mb ကျော်ရင်တော့မရပါဘူး ....... ဒါပေပမယ့် Gmail ထက်စာရင် တော်ပါသေးတယ်။Gmail က
25 MB ကျော်ရင် upload မပေးပါဘူး။ အားလုံးပဲ တော်တော့်ကို စိတ်ဝင်စားသွားပြီထင်တယ်။
အောက်မှာပုံနှင့်တကွ ရှင်းပြထားပါတယ်။ ဆက်လက်ဖတ်ရှုလိုက်ပါဦးခင်ဗျာ ........

  ပထမဦးဆုံးဖိုင် Transfer လုပ်ရမယ့်ဆိုဒ်ကို ဒီမှာ သွားလိုက်ပါခင်ဗျာ .........
အဲဒိဆိုဒ်ကို ရောက်ရင်အောက်မှာပြထားတဲ့အတိုင်းပေါ်ပါလိမ့်မယ်။
ပုံကသေးနေရင် ကလစ်နှိပ်ပြီး အကြီးချဲ့ကြည့်နိုင်ပါတယ်။


ရောက်သွားပြီဆိုရင် Signup လုပ်ပါ ...... လွယ်ပါတယ်။
Sing up လုပ်ပြီးသွားရင် အောက်မှာပြထားသလိုပေါ်ပါလိမ့်မယ်။


ပြီးရင် လေးထောင့်ကွက်ထဲက Select Files ကိုနှိပ်ပါ။
ကိုယ်ပို့ချင်တဲ့ ဓါတ်ပုံ သို့မဟုတ် ဆော့ဝဲလ် ဖြစ်ဖြစ်ထည်းလိုက်ပါ။


100 MB ကျော်ရင်တော့ ထည့်လိုရမှာမဟုတ်ပါဘူး........ အခုကျွန်တော်က Upload လုပ်ရင်မြန်အောင် ဖိုင်ဆိုဒ်နည်းတဲ့ဟာလေးထည့်ထားတာပါ။အနီရောင်လေးဝိုင်းထားတဲ့ နေရာလေးကိုအမှန်ခြစ်ပြီး password ထည့်ပါ။ဒါပေမယ့် password ထည့်ထားရင်ကိုယ်ပို့လိုက်တဲ့ ဖိုင်ကိုအခြားသူဖွင့်ရင်
password သိမှ Download လုပ်လို့ရမှာပါ။ အရေးကြီးတဲ့ ဖိုင်တွေဆိုရင် တော့ password ထည့်ထားပေါ့။ ပြီးရင် Send Now! ကိုနှိပ်ပြီး ပို့လိုက်ပါ။ဒါပေမယ့် အဲဒါဖိုင်ကရဲ့ Expire days က 5 ရက်ပဲရပါတယ်။ 5 ရက်ကျော်သွားရင်တော့ဒေါင်းလော့လုပ်လို့မရတော့ပါဘူး။


Send လုပ်လိုက်ရင် အဲဒိလို upolad လုပ်နေတဲ့ပုံစံလေးကိုမြင်တွေ့ရမှာပါ။
ပြီးသွားရင်တော့ မေလ်းဝင်လာပါလိမ့်မယ်။


မေလ်းကိုဖွင့်လိုက်ရင် ဒီလိုပေါ်ပါလိမ့်မယ်။ ဒေါင်းလော့လုပ်မယ်ဆိုရင်
Go to My Download Page >> ကိုသွားပြီဒေါင်းလော့လုပ်ရမှာဖြစ်ပါတယ်။


Download Page ထဲရောက်သွားရင်အပေါ်မှာ ပြထားတဲ့အတိုင်းပေါ်ပါလိမ့်မယ်။
ဒေါင်းလော့ကတော့ မြားပြထားတဲ့ ဖိုင်လေးကိုကလစ်ပြီးဒေါင်းလော့လုပ်လိုက်ပါ။

ကဲ ...... အားလုံးပဲ ဖိုင်ဆိုဒ် 100 MB အောက်ဖိုင်ကိုအောင်မြင်စွာမေလ်းထဲပို့နိုင်သွားပါပြီ

0 - ယောက် ကွန်မန့် ရေးသွားသည်။:

IT-WARE Facebook FP

Facebook Like Box တွင် Like လုပ်ခြင်းဖြင့် Facebook တွင် ပိုစ့်အသစ်များကို up to date ကြည့်ရှုနိုင်ပါမည်။

လစဉ်အလိုက်

လာလည်ကြသူများ

နိုင်ငံအလိုက်လာလည်ကြသူများ

free counters free counters

ITW Android.apk

ITW ANDROID 2 ပုံကိုကလစ်လိုက်ပါ။ auto ဒေါင်းလော့လင့်ကျလာပါလိမ့်မယ်။

ဒေါင်းလော့လုပ်နည်းများ

Photobucket Photobucket Photobucket Photobucket Photobucket Adf.ly ပုံကိုကလစ်ပြီး ဘယ်လိုဒေါင်းလော့ လုပ်မယ်ဆိုတာကြည့်နိုင်ပါတယ်။